Events
(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပနိုင်ရေး Online Senior Officials’ Meeting ကျင်းပခြင်း
Updated At: 2020-07-28 05:38:11

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကျင်းပရန် တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံမှ အကြီးတန်းအရာရှိများ ကြိုတင်ညှိနှိုင်း အစည်းအဝေး (SOM) ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၀၈:၀၀ နာရီတွင် Online Womeeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Ministry of Commerce (MOFCOM)၊ China Council for the Promotion of International Trade (CCPIT) ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိလ်များ၊ အာဆီယံနိုင်ငံအသီးသီးမှ စီးပွားရေးသံမှူးများ၊ ပြပွဲနှင့်သက်ဆိုင်သည့် အာဆီယံနိုင်ငံများ၏ တရုတ်-အာဆီယံကုန်စည်ပြပွဲဆိုင်ရာ Vice Secretaries များနှင့် Liaison Officers များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ နေပြည်တော်ဘက်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်ပြပွဲဆိုင်ရာ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့
- Website
- www.myantrade.org
More Events
BRICS 2025 Global Agriculture Exhibition and Forum ကျင်းပပြုလုပ်မည်
Date: 5th to 7th May, 2025
Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 ပြပွဲ ကျင်းပမည်
Date: 9th to 11th May, 2025
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025